Pages

{N3M3$!$} Table No.21




{N3M3$!$}

Table No.21 : Vivaan နဲ့ Siya ဇနီးမောင်နှံ ကံကောင်းချိန် ရောက်လို့ ပိတ်ရက်ရှည်မှာ
Fiji ကို စရိတ်ငြိမ်း လည်ပါတ်ခွင့် ကံစမ်းမဲ ပေါက်ခဲ့ပါတယ်။ Fiji မှာ အကောင်းစား Hotel ကြီးမှာ နေခွင့် ရသလို ကောင်းပေ့ ဆိုတဲ့ အစား အသောက်တွေ စားပြီး ပူပူ နွေးနွေး အလုပ်ပြုတ်ထားတဲ့ Vivaan တစ်ယောက် အပူတွေ မေ့ပြီး ပိတ်ရက်ရှည်မှာ ဇနီးချောနဲ့ အပျော်ကြီး ပျော်နေကြပါတယ်။

Vivaan နဲ့ Siya က ကံကောင်း ပြီးရင်း ကောင်းတယ် ပြောရမလား မသိဘူး Mr.Khan ဆိုတဲ့
resort ပိုင်ရှင် တစ်ယောက်က Vivaan တို့ အတွဲကို Tabel No. 21 ဆိုတဲ့ ဂိမ်းကို ကစား ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ကစားပွဲ စစချင်းမှာ အရမ်းလွယ်ကူတဲ့ မေးခွန်းတွေနဲ့ ဆုကြွေးငွေ အများကြီး ရနေတော့
Vivaan တို့ အတွဲ အပျော်ကြီးပျော် သဘောတွေကျနဲ့ ပိုက်ဆံတွေ လွယ်လွယ် ရအောင် လုပ်ပေးလို့ Mr.Khan ကို ကျေးဇူး တွေတင်နေလို့ မဆုံးသေးဘူး သူတို့ ထင်ထား သလို အပျော်ကစားပွဲ မဟုတ်ပဲ အကွက်ချ စီစဉ်ထားတဲ့ ကစားပွဲမှန်း သိတော့ အချိန်က လွန်နေပြီ။

ဘာကြောင့် ဒီကစားပွဲကို သူတို့နဲ့မှ ကစားရတာလဲ အဖြေကို Vivaan တစ်ယောက် စဉ်းစား မရဖြစ်နေချိန်မှာ ကျောင်းသား ဘဝက ဖြစ်ပျက်မှု အချို့က ကစားပွဲ ထဲမှာ ပါလာတော့
ဒါဟာ အကွက်ချ စီစဉ်ထားတဲ့ ကစားပွဲ ဆိုတာထက်….

ဒါရိုက်တာ Aditya Datt ရိုက်ကူးထားတဲ့ 108 မိနစ်ရှည် Crime Thriller ဇာတ်ကား အမျိုးအစား ဖြစ်ပါတယ်။ Paresh Rawal, Rajeev Khandelwal နဲ့ Tena Desae တို့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။

IMDB Rating : 8.1 / 10 တောင်ရထားတာဖြစ်ပါတယ်..

Credit To - Movie Review

http://viooz.co/movies/15306-table-no21-2013.html

No comments:

Post a Comment