Pages

{N3M3$!$} : Innocent Voices



{N3M3$!$} :

Innocent Voices : Chava ဟာ Salvadoran နိုင်ငံမှာ နေထိုင်ပြီး အစိုးရနဲ့ ပြည်တွင်း သောင်းကျန်း သူတွေကြား ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ဒဏ်ကို ဆိုးဆိုး ဝါးဝါးခံနေရတဲ့ ရွာကလေးမှာ နေထိုင်တဲ့ ၁၁ နှစ် အရွယ် ကလေး တစ်ယောက်ဖြစ်ပါတယ်။ အဖေဖြစ်သူက American နိုင်ငံကို စစ်ရှောင် ထွက်ခွာသွားခဲ့တဲ့ အတွက် ကျန်ရစ်ခဲ့တဲ့ အမေ၊ အမ နဲ့ ညီကလေး အတွက် အိမ်ရဲ့ ဦးစီးဦးဆောင် ယောက်ျားသား တစ်ယောက်အဖြစ် သူ့ကိုယ်သူ ခံယူထား သူလည်းဖြစ်ပါတယ်။

Chava ရဲ့ အမေဟာ အင်္ကျီချုပ်ရင်း မိသားစုကို ရှာဖွေ ကျွေးနေသူ ဖြစ်ပြီးတော့ သားလေး Chava အသက် ၁၂ နှစ်ပြည့်တဲ့အခါ စစ်သားစုဆောင်းရေးတပ်ထဲ ပါသွားမှာကိုလည်း ကြောက်လန့်နေရသူဖြစ်ပါတယ်။ စစ်တပ်ဟာ မကြာခဏ ဏ ဆိုသလို Chava တို့ကျောင်းကို လာပြီး ကျောင်းသားတွေကို နာမည်ခေါ်ထုတ်ပြီး စစ်တပ်ထဲ ခေါ်သွားလေ့ရှိနေပါတယ်။ တရက်မှာတော့ စစ်တပ်နဲ့ သူပုန်တို့ ပစ်ခတ်ကြတဲ့အခါ Chava တို့ကျောင်းကိုပါ အကာအကွယ်အနေနဲ့ယူပြီး ပစ်ခတ်နေလို့ ကျောင်းလည်း ပိတ်လိုက်ရပါတယ်။ Chava တို့ မိသားစုလည်း အဖွား ဖြစ်သူနေထိုင်တဲ့ ရွာဘက်ဆီပြောင်းရွှေ့လာခဲ့ကြပါတယ်။ Chava အသက်လည်း ၁၂ နှစ်ပြည့်ခဲ့ပါပြီ။ Chava ရဲ့ဦးလေးဟာ သူပုန်တပ်ထဲကဖြစ်ပြီးတော့ Chava ကို သူပုန်တပ်ထဲ ခေါ်သွားဖို့ Chava အမေကို တိုက်တွန်းနေပေမယ့် အမေကတော့ သဘောမတူပါဘူး။

တစ်ရက်မှာတော့ သူပုန်တပ်ထဲက ဦးလေးရဲ့ သူငယ်ချင်းဖြစ်သူဟာ Chava ကို တိတ်တဆိတ်ဆက်သွယ်လာပြီး မနက်ဖြန်ဆိုရင် စစ်တပ်က တပ်သား စုဆောင်းရေးလာလိမ့်မယ် ကြိုပြီး ရှောင်ထားပါလို့ သတင်းပေးလာတာကြောင့် Chava တို့ သူငယ်ချင်းတွေက အိမ်ခေါ်မိုးပေါ်တွေမှာ တက်ပြီး ပြားပြားဝပ် ပုန်းနေကြရပါတယ်။ Chava ဟာ ကျောင်းတုန်းက အတန်းဖော်သူငယ်ချင်း၊ ပြီးတော့ အချင်းချင်းသဘောကျနေတဲ့ သူငယ်ချင်းကောင်မလေး Cristina Maria ဆီကို သွားလည်တဲ့အခါမှာ သူမတို့အိမ်ဟာ ဗုံးဒဏ်ကြောင့် မီးလောင်ပျက်ဆီးနေပြီး သူငယ်ချင်းမလေးလည်း သေသွားပြီဆိုတာကို သိလိုက်ရပြီးတဲ့နောက် စစ်တပ်ကို မုန်းတီးသွားပြီး သူ့ဦးလေးရှိရာ သူပုန်တပ်ထဲကို သွားပူးပေါင်းဖို့ ဆုံးဖြတ်ကာ ညဘက်မှာအိမ်ကနေ တိတ်တိတ်ထွက်ပြေးလာခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့ သူ့သူငယ်ချင်း ၂ ယောက် သူပုန်တွေစခန်းချတဲ့ တောထဲအရောက်မှာပဲ စစ်တပ်က ဝင်ရောက်ပစ်ခတ်ကလို့ သူပုန်အားလုံးသေကုန်ပြီး သူတို့ သူငယ်ချင်း လူမမည်တစုပဲ အသက်ရှင်လျက် ကျန်နေခဲ့ပါတယ်။

စစ်တပ်က စစ်သားတချို့က သူတို့ကို ဖမ်းခေါ်သွားပါတယ်။ Chava တို့ရွာကိုလည်း သူပုန်ရွာဆိုပြီး စစ်တပ်က အိမ်တွေကို မီးရှို့ဖျက်ဆီးနေတာမို့ အမေနဲ့ အဖွားဟာ ကလေးတွေကို ခေါ်ပြီး ထွက်ပြေးကြဖို့ ပြင်ကြရင်း Chava ကိုမတွေ့တော့တာမို့ အမေက နေရာအနှံ့လိုက်ရှာပါတော့တယ်။ စစ်သားတွေက Chava တို့ကို လမ်းအဝေးကြီးလျှောက်ခိုင်းကာ ဖမ်းခေါ်သွားရင်း လူသတ်ကွင်း အဖြစ်လုပ်ထားတဲ့ ချောင်းဘေးတစ်နေရာကိုရောက်တော့ ဒူးထောက် ထိုင်ခိုင်းကာ တစ်ယောက်ချင်း သေနတ်နဲ့ ပစ်သတ်ပါတော့တယ်။ Chava သူငယ်ချင်း၂ ယောက်ပစ်ခံရပြီး
Chava အလှည့်အရောက်မှာတော့ …

Credit To - Movie Review

http://www.youtube.com/watch?v=lVSLXYseNuw

No comments:

Post a Comment