Pages

The water horse
=========


~~* su myat*~~

ဒီကားကို နောက်ကြောင်းပြန်ပြောတဲ့ ပုံစံလေး လုပ်ထားတာပါ…..
အချိန်က စစ်ဖြစ်နေတဲ့အချိန်ပေါ့
ပင်လယ်ကမ်းစပ်မြို့လေးမှာ ဖခင်ဖြစ်သူ သေဆုံးသွားလို့ စိတ်ထိခိုက်နေရှာတဲ့အန်ဂတ်စ်ဆိုတဲ့ ကောင်လေးတယောက် ရှိပါတယ်
ဒီကောင်လေးဟာ ဥအကြီးကြီးတလုံးကို ရှာတွေ့သွားရာကနေ ဒီဇာတ်လမ်းလေးကို စတင်ထားပါတယ်
ဒါပေမဲ့ အန်ဂတ်စ်လေးဟာ ဒဏ္ဍာရီလာ ပင်လယ်မြင်းတကောင်ကို သူမွေးမိမယ်လို့ အိမ်မက်တောင်မက်မိမှာ မဟုတ်ပါဖူး
ဒီ ပင်လယ်မြင်းဖြစ်လာမဲ့အကောင်ငယ်လေးကို အန်ဂတ်စ်က ခရူဆိုးလို့ အမည်ပေးလိုက်ပါတယ်
ပင်လယ်ဖျံတကောင်လို ပုံစံပေါက်နေတဲ့ ခရူဆိုးကို အန်ဂတ်စ်က အဖော်ငတ်နေသူပီပီ တအားခင်တွယ်သွားပါတယ်
နောက်တနေ့မှာပဲ သူတို့အိမ်ကို စစ်တပ်က စစ်စခန်းလုပ်ဖို့ သတ်မှတ်လိုက်ပါတော့တယ်
ဒီလိုနဲ့ အန်ဂတ်စ်လေးဟာ သူ့ရဲ့ သူငယ်ချင်း ခရူဆိုးအတွက် အစာရှာပေးဖို့ ခက်ခဲလာရပါတယ်
လူတွေမိမှာစိုးလို့ ပုံးထဲထည့်လိုက်ရာကနေ ရေနဲ့ထိရင် ကြီးထွားလာတတ်တဲ့ ပင်လယ်မြင်းရဲ့ သဘာဝကြောင့် ခရူဆိုးဟာ တစထက်တစ ပိုပိုကြီးလာပါတော့တယ်
ရှေးအဆိုအရ ပင်လယ်မြင်းတကောင်ဟာ ၁၀ပေအထိ ကြီးထွားလာနိုင်ပါတယ်တဲ့
ဒါကြောင့် အန်ဂတ်စ်လေးဟာ အကူအညီရှာပြီး ခရူဆိုးကို ကန်ကြီးဆီ သွားပို့ပါတယ်
ဒီလိုနဲ့ အန်ဂတ်စ်လေးဟာ နောက်ပိုင်းကျတော့ စစ်တပ်မှာ အကူအဖြစ်ဝင်လုပ်ပေးနေရတဲ့အတွက်
ခရူဆိုးကို သွားကြည့်ဖို့အခြေအနေမပေးခဲ့ပါဖူး
အန်ဂတ်စ်လေး လာမလား လာမလားနဲ့ ခရူဆိုးတယောက် ကန်ကြီးထဲကနေ မျှော်မျှော်ကြည့်ရတာ အမောပါပဲ
ကံဆိုးချင်တော့ ခရူဆိုးကို စစ်တပ်က တွေ့သွားပြီး ရှည်လျားလှတဲ့ သူ့လည်ပင်းကို အဝေးကြည့်မှန်ပြောင်း တပ်ထားတဲ့ ရေငုပ်သင်္ဘောလို့ထင်သွားကြတော့တာပါပဲ
သေနတ်တွေနဲ့ ဝိုင်းပစ်တာခံရတာတဲ့ ခရူဆိုးကို အန်ဂတ်စ်လေးက ဘေးကင်းရာကို ခေါ်သွားဖို့ လုပ်ပါတော့တယ်
ဒါပေမဲ့ တကယ်ကော ခရူဆိုးလေးဟာ လွတ်မြောက်ပါ့မလား အန်ဂတ်စ်လေးကရော ဘေးကင်းပါ့မလား
(ရိုက်ပြထားတဲ့ရိုက်ချက်တွေအရ ခရူဆိုးဟာ တကယ်အပြင်မှာရှိနေတဲ့ သက်ရှိတကောင်လို ခံစားရမှာပါ)
ထူးခြားတာကတော့ ဒီဇာတ်ကားဟာ တချိန်က ကန်ကြီးတကန်မှာ ပေါ်ထွက်ခဲ့တယ်ဆိုတဲ့ လည်ပင်းရှည်နဲ့ သတ္တဝါကြီးကို စိတ်ကူးပုံဖော်ထားတာပါ… ဓါတ်ပုံတွေရှိခဲ့တယ်ဆိုပေမဲ့ တကယ်ရှိတာဟုတ်ရဲ့လား ဒါမှမဟုတ် သတ္တဝါကြီးက ပြန်ပုန်းကွယ်သွားတာလားဆိုတာကို စဉ်းစားစရာဖြစ်အောင် ဒီဇာတ်ကားလေးမှာ ဒါရိုက်တာက လက်စွမ်းပြပေးထားပါတယ်



http://viooz.co/movies/2376-the-water-horse-2007.html



 
 

No comments:

Post a Comment