Pages

Dr. Dolittle Tail of the Chief
=================



~~*su myat*~~
  မာယာဆိုတဲ့ကောင်မလေးဟာ တိရစ္ဆာန်တွေ ပြောတာကို နားလည်သူတစ်ယောက် ဖြစ်ပါတယ်
သူမ တက္ကသိုလ်တက်ရာမှာ သူများတွေထက် အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်မယ်ထင်ရင်တော့ မှားသွားမှာပါ…
မာယာတစ်ယောက် ဖခင် Dr. Dolittle ရဲ့ ဂုဏ်အင်ကြောင့် ကျောင်းဝင်ခွင့်အဖွဲ့ရဲ့ အထင်ကြီးမှုကို အစပိုင်း ခံလိုက်ရပေမဲ့
နောက်ပိုင်း မာယာရဲ့ ပေါက်ကရလုပ်မှုတွေကြောင့်
သူမတက်ချင်လှတဲ့ တိမွေးကု တက္ကသိုလ်ကနေ စဉ်းစားဆဲအဆင့်ကို ရောက်ရှိသွားပါတယ်
ဒါကြောင့် မာယာတစ်ယောက် အမှတ်ပြန်တက်အောင် အသည်းအသန်စဉ်းစားနေပါတယ်
ဒီအချိန်မှာ White House ကနေ ဖခင်ဖြစ်သူကိုလာခေါ်ရာက ဖခင်ဖြစ်သူက ခရီးလွန် သူမအနေနဲ့ သမ္မတရဲ့ ထောက်ခံချက်လည်း ရချင်တာကြောင့် လိုက်သွားရာကနေ ဇာတ်လမ်းလေးက ဇာတ်ရှိန်မြှင့်လာပါတယ်
ခွေးလေးတကောင်ရဲ့ ဒဏ်ရာရနေတဲ့ စိတ်ကိုကုသပေးခဲ့ရာကနေ
ဘယ်လိုတွေဖြစ်လာမလဲ-----------------------------
ဇာတ်လမ်းလေးက ရိုးရိုးလေးပါပဲ
ဒီဇာတ်ကားလေးက ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်
ဆိုတဲ့သူတွေအတွက် မိသားစုကားကောင်းလေးတကားပါပ
ဒါပေမဲ့ ပြောသွားတဲ့စကားလေးတွေက အရမ်းကို ကောင်းပါတယ်
ဒီဇာတ်ကားထဲမှာ ~~*su myat*~~ ကြိုက်တဲ့စကားကတော့ (အရှုံးဆိုတာ ရှိမှာပါပဲ…အောင်မြင်တဲ့သူလဲ ကျရှုံးဖူးတာပါပဲ….
ဘယ်အရာမဆို ဆက်ပြီး ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်တာ မရှိပါဖူး)ဆိုတဲ့စကားလေးပါ…
ပြီးတော့ ပြောထားပါသေးတယ်
ကြောက်စရာဆိုတာ လောကမှာ မရှိပါဖူးတဲ့
ကြောက်စိတ်ပဲ ရှိတာပါတဲ့
ဒီကြောက်စိတ်ကို အနိုင်ယူဖို့ပဲလိုပါတယ်တဲ့
ကဲ fan များလည်း ဒီဇာတ်ကားထဲကနေ တွေးစရာလေးတွေ ရနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

fan တွေလည်း တနေ့တာအတွက် အကောင်းဆုံးတွေဖန်တီးနိုင်ပြီး ဆန္ဒနဲ့ဘဝတထပ်တည်းကျကြပါစေလို့



http://viooz.co/movies/10605-dr-dolittle-tail-to-the-chief-2008.html



No comments:

Post a Comment